တာခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းကျောင်းများမှ ဆရာ/ဆရာမများအတွက် အရည်အချင်းမြှင့် သင်တန်းတခုကိုဟွေဟင်ဖုံရွာရှိ ရီဆော့တခုတွင် ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ၄ ရက် ကြာ ကျင်းပခဲ့ပါတယ်။
The Seven Laws of Teaching ဆိုတဲ့ စာအုပ်ကို သင်ကြားမယ့် သင်တန်းရဲ့ ဘာသာရပ် အဖြစ်ထားပြီး အမေရိကန်နိုင်ငံမှ Dr Ron Shaw (Heart for Asia) က ဦးဆောင် သင်ကြားပေးပါတယ်။
မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်းကျောင်းပေါင်း ၆၁ ကျောင်းမှ ဆရာ/ ဆရာမ ၁၃၃ ဦး တက် ရောက်ခဲ့ပါတယ်။
VSO, HFA, HWF, WE, TOPS, ACM, BMTA, ထိုင်းနိုင်ငံ မဲဆောက်မြို့ပညာရေးဌာန စတဲ့ အဖွဲ့များမှ ဒီသင်တန်း ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ သင်တန်းဆင်းတဲ့နေ့မှာ မြန်မာပြည်လူ့အဖွဲ့အစည်းရဲ့ လက်ရှိအခြေအနေများကို ထင်ဟပ်စေမယ့် ဇာတ်လမ်းတိုများနှင့် အဖွဲ့အ လိုက် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
0 comments:
Post a Comment