Friday, 19 June 2009

မဲဆောက်မြို့ရှိ ထိုင်း မြန်မာကျောင်းသားများ တွေ့ဆုံပွဲ

မဲဆောက်မြို့ ရပ်တော်မူဘုန်းကြီးကျောင်းဘေးရှိ ထိုင်းအထက်တန်းကျောင်းခမ်းမမှာ ၁၉ ဇွန်လ နေ့ လယ်က ထိုင်းမြန်မာ ကျောင်းသားများ တွေ့ဆုံပွဲ တခုကို ကျင်းပခဲ့ပါတယ်။ ဒီ အခမ်းအနားကို မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသူကျောင်းသားများ ထိုင်းအစိုးရကျောင်းများမှ ကျောင်းသူ ကျောင်းသားများ တက်ရောက်ကြပါတယ်။

ထိုင်းမြန်မာ ကျောင်းသားများတွေ့ဆုံပွဲကို လာရောက်ပူးပေါင်းအားဖြည့်တဲ့ အဖွဲ့တဖွဲ့လည်းရှိပါသေး တယ် အဲဒီအဖွဲ့က The Durgas Band တေးဂီတအဖွဲ့ပါ သူတို့ဟာ ဂျာမဏီနိုင်ငံက ဖြစ်ပါတယ်။ မဲဆောက်က ထိုင်းမြန်မာကျောင်းသားများတွေ့ဆုံပွဲကို လာရောက်သီဆိုဖျော်ဖြေပေးတာပါ။

ကျောင်းသားများတွေ့ဆုံပွဲ အခမ်းအနားကို ထိုင်းကျောင်းသားများက ထိုင်းရိုးရာ အတီးအမှုတ် အက များနဲ့ ဧည့်ခံဖျော်ဖြေပြီး မြန်မာရွှေ့ပြောင်းကျောင်းများမှတက်ရောက်တဲ့ ကျောင်းသူကျောင်းသားများ ကလည်း မြန်မာ့ရိုးရာ သင်္ကြန်အက ကရင်ရိုးရာဝါးညှပ်အက ဦးရွှေရိုးအကတွေနဲ့ ပြန်လည်ဖျော်ဖြေခဲ့ ကြပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲရဲ့ ခေါင်းစဉ်ကတော့ …
“ We are Friends, We are Family ” (ကျွန်ုပ်တို့သည် မိတ်ဆွေ၊ ကျွန်ုပ်တို့သည် မိသားစု)

0 comments: