ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အထွက် ဘန်ကောက်မြို့ကိုတက်မယ့်လမ်းက စစ်ဆေးရေးဂိတ် တခု မှာ လူကုန်ကူးခံရတဲ့ မြန်မာကလေးတွေကို ဖမ်းဆီးမိခဲ့ပါတယ်။
၇ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ ဟင်းသီးဟင်း ရွက်တွေတင်ဆောင်လာတဲ့ ဆိုကိုထိုင်း ဆိုတဲ့နေရာကနေလာတဲ့ ငွေရောင်ကားတစီးရဲ့အောက်မှာ အသက် ၁၅ နှစ်အောက် ကလေးများအပါအ၀င် ယောက်ကျားလေး ၆ ဦးနဲ့ မိန်းခလေး ၃ ဦးကို လုံခြုံ ရေးဝန်ထမ်းတွေက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ကားရဲ့အပေါ်မှာ ဟင်းသီးဟင်းရွက်များ တင်ဆောင်လာပြီး ကားရဲ့အောက်ပိုင်းမှာ ကလေးတွေကို တင်ဆောင်လာတာဖြစ်ပါတယ်။ ထိုင်းလူမျိုးလင်မယား၂ ဦး ဖြစ်တဲ့ နိုင်နာ့ထ၀မ်နဲ့ နမ့်ရာတ်ထနာ တို့ ဟာ တဦးကို ဘတ် ၈ ထောင်နဲ့ ကလေး ၉ ယောက် တင်လာခဲ့တာ ဖြစ်ပါတယ်။
မဲဆောက်မြို့ကနေထွက်ပြီး မကြာခင် စစ်ဆေးရေးဂိတ်ကို ရောက်တဲ့အခါမှာ စစ်သားတွေက သံဆူး ချွန်နဲ့ထိုးပြီး အသီးအနှံတွေအောက်ကို ရှာဖွေစစ်ဆေးရာမှာ ကလေးတွေကို ထိုးမိတာကြောင့် အသံ ထွက်ရာကနေ ကားနောက်ခမ်းကို ဖွင့်လိုက်တဲ့အချိန်မှာကလေးတွေကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကလေးတွေအနေနဲ့ဒီအတိုင်းပဲ ဆက်လိုက်သွားမယ်ဆိုရင် အသက်ရှူကြပ်ပြီး သေဆုံးသွားနိုင်တယ် လို့ စစ်ဆေးတဲ့သူတွေက ဆိုပါတယ်။ အခုလိုဖြစ်ရပ်မျိုးတွေက ထိုင်းနိုင်ငံမှာ မကြာခဏဖြစ်နေပြီး ပြီးခဲ့ တဲ့နှစ်တုန်းကလည်း ထိုင်းနိုင်ငံ ရနောင်းမြို့အနီးမှာ သားငါးတင်တဲ့ကားပေါ်မှာ တရားမ၀င်လူများ သယ်ဆောင်လာတာကြောင့် အသက်ရှူကြပ်ပြီး လူ ၅၄ ဦး သေဆုံးခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာတော့ လူကုန်ကူးမှုတွေက အများအပြားဆက်ရှိနေပြီး အခု လူကုန်ကူးသူတွေက အသစ်တွေဖြစ်ကြောင်း စစ်ဆေးရေးအရာရှိတွေက ပြောပါတယ်။
VOA မှ ...
0 comments:
Post a Comment