Wednesday 18 February 2009

မယ်တော်ဆေးခန်း၏ ၂၀နှစ်မြောက်နှစ်ပတ်လည်အကြိုအားကစားပြိုင်ပွဲ


(၂၀)နှစ်မြောက်မယ်တော်ဆေးခန်းရဲ့နှစ်ပတ်လည်အားကစားပြိုင်ပွဲကိုစတင်ပြုလုပ်ခဲ့သည်မှာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလအစောပိုင်းလောက်တည်းကဖြစ်ပြီး ခြင်းလုံး၊ ဘောလုံး၊ စားပွဲတင်တင်းနစ်အစရှိတဲ့ အားကစားပြိုင်ပွဲများကို မယ်တော်ဆေးခန်းအပါအ၀င်၊ အခြားအဖွဲ့အစည်းမှ ၀ါသနာရှင်များက ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်… ဆေးခန်းရဲ့နှစ်ပတ်လည်နေ့ မတိုင်မီ ၁၈ရက်နေ့မှာ နောက်ဆုံးဗိုလ်လုပွဲ အမျိုး သားဘောလုံးပြိုင်ပွဲအဆင့်ကို SAW နှင့် သံလွင်လူငယ်အသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြရာ ၁-၀ နဲ့ SAW မှ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ယှဉ်ပြိုင်ခဲ့သော အားကစားများထဲက ပ-ဒု-တ ရရှိသည့်အသင်း များအား ဆုချီးမြှင့်ခြင်း၊ အားက စားပြိုင်ပွဲ အောင်အောင်မြင်မြင်ပြီးဆုံးအောင် ၀ိုင်းဝန်းကူညီပေးခဲ့သူ များအား လုံးအားလည်း ဆရာမကြီး ဒေါက်တာစင်သီယာမှ ဆုများကို ကြွရောက်ချီးမြှင့်ပေးခဲ့ပါတယ်…

1 comments:

Anonymous said...

How are you?