Wednesday 17 December 2008

အသက်မပြည့်သေးတဲ့ မြန်မာကလေးငယ်များအပါအ၀င် တရားမ၀င်မြန်မာ အလုပ်သမား ၁၅ဦး မတရား ပြစ်ဒဏ်ချခံခဲ့ရ

ထိုင်းနိုင်ငံ ဘန်ကောက် ဖလန်စောင်မှာရှိတဲ့ ပလစ်စတစ်ပိုက်ဆံအိတ်စက်ရုံက မြန်မာအလုပ်သမား ၁၅ ဦးကို လက်မှတ်အတုကိုင်ဆောင်မှုဖြင့် အောက်တိုဘာက ၂၈ ရက်က ဖမ်းဆီးခဲ့ပြီး ဘန်မောအကျဉ်း ထောင်မှာ ထိမ်းသိမ်းခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့က ထုံဘူရီ ဘန်မောတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ ပြီးနောက် ထောင်ဒဏ်လေးနှစ်ခွဲစီချမှတ်လိုက်သည်။

ဖြစ်ပွားပုံကတော့ စက်ရုံတွင်းက အလုပ်သမားတွေကို ပိုင်ရှင်ဖြစ်သူက အလုပ်သမား လက်မှတ်လုပ်ပေး မယ် ဘတ် ၆၀၀၀ ပေးရမယ်ဆိုပြီး တောင်းခံခဲ့ပြီး အလုပ်ရုံအတွင်းလက်မှတ်များ ပြုလုပ်ပေးခဲ့ပါသည်။္ဋ၎င်းလက်မှတ်များဟာ အလုပ်သမားလက်မှတ်မလုပ်ခင်ပြုလုပ်ရတဲ့ လက်မှတ်များဖြစ်ပြီး အလုပ်သမား များကို တရားဝင်ကိုင်ဆောင်ထားစေခဲ့သည်။ အလုပ်သမားများက ငွေကြေးပေးပြီးဖြစ်တာကြောင့် တရားဝင် လက်မှတ်များအဖြစ် ကိုင်ဆောင်ထားစဉ် ထိုင်းအာဏာပိုင်များက ၀င်ရောက်စစ်ဆေးရာက နေ လက်မှတ်များအတုဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများမှာ ဘန်မောတရားရုံးမှာ ခုခံချေပပေမဲ့ အလုပ်ရှင်သူဋ္ဌေးက ရှေ့နေ ၂ ဦးငှားပြီး လက် မှတ်များကို သူ့အနေနဲ့လုပ်ပေးခြင်း မဟုတ်ကြောင်းငြင်းဆိုသွားတာကြောင့် အလုပ်သမားများဘက်မှ ခု ခံချေပနိုင်ခြင်းမရှိပဲ အခုလိုထောင်ဒဏ်များ ချမှတ်ခံခဲ့ရခြင်းလည်းဖြစ်သည်။ ဖမ်းဆီးစဉ်က အလုပ်သ မား ၄၀ ကျော်ပါဝင်ပြီး လက်မှတ်မရှိသူများကို ၁၆ ရက်နေ့က ပြန်လွတ်ပေးပေမယ့် လက်မှတ်အတု ကိုင်ဆောင်သူဟု စွတ်စွဲခံရသူ မြန်မာ ၁၅ ဦးနဲ့ လားအိုနိုင်ငံသား ၂ ဦးကိုတော့ ထောင်ဒဏ်များချ လိုက်ပါတယ်။ မြန်မာ ၁၅ ဦးထဲမှာ အမျိုးသမီး ၁၃ ဦး ပါဝင်ပြီး အများစုက အသက်မပြည့်သေးတဲ့ ၁၆ နှစ်နဲ့ ၁၈ နှစ် ကြားကလေးများဖြစ်ပါသည်။

(SAW)

3 comments:

တားမြစ် ထားသော... said...

:(

သုခမိန်(E-Journal)

Kaung Kin Ko said...

း-( သြော်၊ ကိုယ့်နိုင်ငံက ထောင်ချလိုက်၊ သူများနိုင်ငံက ထောင်ချလိုက်နဲ့း-(

laminkhin said...

စိတ်မကောင်းစရာပါပဲ - အမိမဲ့သားရေနည်းငါး လိုဖြစ်နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဘ၀ ကယ်တင်နိုင်ဖို့ တစ်လမ်းပဲရှိပါတယ် စနစ်ဆိုးကို အမြှစ်ဖြတ်နိုင်ကာမှ