Friday 3 April 2015

ဆာသူးလေအထက်တန်းကျောင်းမှာ အောင်လက်မှတ်အပ်နှင်းခြင်းနဲ့ ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေပညာရေးအတွက် မဲဆောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဆာသူးလေ အထက်တန်းကျောင်းမှာ ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်အတွက် အောင်လက်မှတ်အပ်နှင်းခြင်းနဲ့ ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို မတ်လ (၃၀) ရက်နေ့က ဆာသူးလေးအထက်တန်းကျောင်းမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

မူလတန်းအဆင့်ကနေ ထိုင်း ၁၂ တန်းအဆင့်ထိ ကျောင်းသူကျောင်းသားတွေကို  ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် ပြီးမြောက်အောင်မြင်တဲ့
အသိအမှတ်ပြုလက်မှတ်ပေးပွဲအခမ်းအနားဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ မြန်မာအစိုးရကျင်းပပြုလုပ်တဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် (၁၀) တန်းကျောင်းသူ ကျောင်းသားတွေကိုလည်း ပညာသင်ကြားမှုပြီးမြောက်တဲ့ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ မြန်မာအစိုးရကကျင်းပတဲ့ ၂၀၁၄ - ၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့တဲ့ Social Action for Women (SAW) ကျောင်း က ကျောင်းသူ ကျောင်းသား (၁၃) ဦးလည်း တက်ရောက်ပြီး ဆာသူးလေကျောင်းရဲ့ အောင်လက်မှတ်အပ်နှင်းခြင်းကို လက်ခံရယူခဲ့ကြတာ ဖြစ်ပါတယ်။

0 comments: