Friday 11 June 2010

ဟုတ်ပါ့ သနားစရာ ကနေဒါပါပဲ (Speed Control)

လမ်းတွေပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းတတ်တဲ့ကားတွေကို အရှိန်ထိမ်းဖို့ ကမ္ဘာပေါ်က နိုင်ငံအသီး သီးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်ကြပါတယ်။ အများအားဖြင့်ကတော့ ကင်မရာများတပ်ဆင် ပြီး ကားအရှိန် ကိုတွက်ချက်တတ်ကြပါတယ်။ ပြီးရင် ဒဏ်ရိုက်တယ်။ ဒါပေမဲ့ အဲဒီစနစ်ဟာ ကုန်ကျ စရိတ်များသလို အလုပ်လဲရှုပ်ပါတယ်။ ဒါ့ကြောင့် ကနေဒါနိုင်ငံကတော့ အောက်ပါ အရှိန်ထိမ်း ကိရိဟာ ကိုသုံးပါတယ်။
ဒါဟာ ကင်မရာတွေ တပ်ဆင်ပြီး ကားမောင်းသူကိုဒဏ်တပ် အရေးယူတာထက် များစွာထိရောက်မှု ရှိပြီး ကုန်ကျစရိတ်လဲ လွန်စွာမှ သက်သာတယ်လို့ ဆိုပါတယ်။

ခင်ဗျား အတွက်တော့ မသိဘူး..ကျနော်ဆိုရင်တော့ ကျနော့် မိန်းမက ဝယ်ပေးထားတဲ့ ကားလေးပျက် မှာ စိုးလို့ ဒီနေရာတွေမှာ အရှိန်လျှော့မောင်းမိမှာပါပဲ..။

တကယ်တော့ ဒါတွေဟာ အစစ်တွေ မဟုတ်ကြပါဘူးဗျာ.. ပုံကိုကြည့်ပါ။ သေသေချာချာ တွေးကြည့်ရင် ကနေဒါလို ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးဟာ သနားစရာပါလားဗျာ... ဒီလို လမ်းအရှိန်ထိမ်းကိရိဟာတွေကို ကျနော်တို့ ချစ်တဲ့ မြန်မာနိုင်ငံမှာ သုံးလာတာဖြင့် နှစ်ပေါင်းများစွာကြာပေါ့... ပြီးတော့ အစစ်တွေကိုမှ သုံးခဲ့တာလေ။

ကနေဒါမှာတော့ အတုတွေဘဲ သုံးနိုင်ရှာတယ် ဗျာ... နော်..
"ဘာဘဲဖြစ်ဖြစ် ကျနော် မြန်မာပြည်ကိုချစ်ပါတယ်...."
သူငယ်ချင်းများအားလုံး အေးချမ်းပျော်ရွှင်နိုင်ကြပါစေ။

(Saya Ba ဂျီမေးမှ ပေးပို့ပါသည်)

1 comments:

Maung Maung Kyaw Win said...

I want to read Burmese political movement in Canada written by Saya Ba. By the way, help me find a person named Tun Thwin, son of Professor Hla Thwin, who lives in in Canada. He was our leader in the SEAP Games movement(69). I want to know whether he still living or not. Mediamen never mention about this movement in the history of student revolutions in Burma. May be this movement is not so important. But,it was the first rebellion by the university students since Ne Win regime took over power from the democratically elected government. we had to live in the hell (Insein military prison )for almost two years. We lived together with nearly 300 university students throughout Burma in the notorious jail.
Your comrade
MMKW
07/10/10