Monday 22 March 2010

မဲဆောက်အမှိုက်ပုံကို မှီခိုနေထိုင်သူ ဗမာပြည်သားများ အခက်အခဲတွေ့ (ရုပ်သံ)

5 comments:

victorOway said...

ကာစက်စတန်နိုင်ငံကိုအတုယူကြ။ တိုက်ပွဲဝင်ကြ။
ကျုပ်တို့ ဒီတကြိမ်တိုက်ပွဲက အဲဒီလို မြို့ ပြလူထုတိုက်ပွဲကို ဖော်ဆောင်ရမယ်။ တွေ့  တယ်မဟုတ်လား လူထုတိုက်ပွဲလည်းစရော မြို့ ပြပြောက်ကျားတွေက မျက်နှာမှာ အ၀တ်စည်းပြီး သေနတ်နဲ့  အစိုးတပ်ကိုပြန်လည်ခြေမှုန်းနေတဲ့မြင်ကွင်းတွေ။ ပျုပ်တို့ ဒီလိုတိုက်ရမယ်။ ဒီလိုလူထုတိုက်ပွဲကိုဖော်ဆောင်ရမယ်။ ဒီတိုက်ပွဲကဒီတကြိမ်ပဲရတော့မယ်။ တကမ္ဘာလုံးက မစစ်မှန်တဲ့အစိုးရတွေကို ဒီလိုရဲရဲရင့်ရင့်တိုက်ပွဲဝင်ပြီး လူထုအာဏာကိုအမ်အရစိုက်ထူပြစ်ရမယ်။ ဒါမှလူထုအုပ်ချုပ်ရေးဖြစ်လာမယ်။ အခုဖြစ်သွားတဲ့နိုင်ငံကလူထုတိုက်ပွဲနဲ့ ကျုပ်တို့ နိုင်ငံနဲ့အကိုက်ပဲဖြစ်နေတယ်။ ဒီလိုမှမဟုတ်ပဲ ဒီအတိုင်းပဲလူထုက မျှောလိုက်နေမယ်ဆို အဲဒီလူထုနဲ့ ပဲထိုက်တန်တဲ့ အစိုးရကိုရလာပါလိမ့်မယ်။ အမိမြေစစ်အာဏာရှင်စနစ်ကအမြန်ဆုံးလွတ်မြောက်စေချင်ရင် ကျုပ်တို့ ရဲ့ စိတ်ဓါတ်တွေကိုမြင့်တင့်ပြီး လူထုတိုက်ပွဲမှာ အားလုံးပါဝင်တိုက်ပွဲဝင်ကြပါ။

ရဲဘော်ဂျာကြီး

victorOway said...

လေးစားအပ်သည့် NLD ပါတီကြီးခင်ဗျား-ပါတီကြီးရဲ့ ပြည်သူလူထုသို့ ထုတ်ပြန်ချက်ကိုဖတ်ရပါတယ်။ နိုင်ငံရေးအရ ယခုလိုအချိန်မှာ ထိုထုတ်ပြန်ချက်ဟာ ပြည်သူလူထုအတွက်မလုံလောက်သေးဘူးလို့ မြင်ပါတယ်။အဘယ်ကြောင့်ဆိုသော်-NLDသည်ပါတီသည် မကြာတော့သည့်အချိန်ရက်အတွင်းမှာ-စစ်အုပ်စုမှ မတရားထုတ်ပြန်ခြင်းခံထားရသည့် ဥပဒေများဖြင့် တရားမ၀င်ပါတိအဖြစ်ဆိုပြီး ပါတီဆိုင်းဘုတ်များနှင့်ပါတီတရားဝင်ရပ်တည်နေသည်ကိုလာရောက်ဖျက်ဆီးတော့မှာဖြစ်သည့်အတွက်-မိမိအနေဖြင့်အထူးအကြံပြုလိုသည်မှာ-လက်ရှိNLDပါတီကြီးအနေဖြင့် ယခုလိုကာလတိုအတောအတွင်းမှာ-တရားဝင်ပါတီအာဏာရှိနေသေးသည့်အတွက်-NLDပါတီကြီးအနေဖြင့်-ယခုထိုင်နေရင်း ပါတီကိုတရားဝင်ပါတီအဖြစ်ကနေတရားမ၀င်ပါတီအဖြစ်ဖျက်ဆီးခံရမည့်အတူတူ-(၁)ပါတီကြီးအနေဖြင့် လွတ်တော်ကိုအမြန်ခေါ်ယူရေးကိုလုပ်ဆောင်သင့်ပါသည်။(၂)အစိုးရပ်တရပ်အဖြစ်အမြန်ဆုံးဖွဲ့ ပြီး ထုတ်ပြန်ကြေငြာသင့်ပါသည်။ တရားဝင်လူထုရွေးကောက်ထားသည့်ပါတီဖြစ်သည့်အတွက် ထိုလုပ်ပိုင်ခွင့်ကို ပြည်သူလူထုသို့ အမြန်ဆုံးထုတ်ပြန်စေချင်သည်။

(၃) ပြီးခဲ့သည့်အပတ်တွေအတွင်းNLDပါတီမှ ပြည်သူလူထုသို့ ပန်ကြားချက်သည့်ပြည်သူလူထုအတွက်လုံလောက်သည့်ပန်ကြားချက်မဖြစ်ဟုမိမိတို့အနေဖြင့်သုံးသပ်မိပါသည်။ ထို့ အတွက်ကြောင့် NLD ပါတီကြီးအနေဖြင့် ပြည်သူလူထုသို့ -ပြီးခဲ့ သည့်ကာလတွေအတွင်း-NLDနှင့်စစ်အာဏာရှင်အကြားပြုလုပ်ခဲ့သည့် တွေ့ ဆုံဆွေးနွေးရေး(သို့ )အသေးစိတ်များကို ပြည်သူလူထုသို့ ရှင်းလင်းတိကျစွာထုတ်ပြန်စေချင်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ဟာ မအောင်မမြင်အဘယ်ကြောင့်မဖြစ်ခဲ့ရသည်များကို ပြည်သူလူထုသို့ အသေအချာချပြပြီး ပြည်သူလူထုကြီးမှ ထိုတွေ့ ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအပေါ်သုံးသပ်ပြီး လာမည့်၂၀၁၀ရွေးကောက်ပွဲအပေါ်ဘယ်လိုသဘောထားပြီး လူထုအနေဖြင့်ရှေ့ ဆက်ဘာလုပ်ရမည်ဆိုသည့်နိုင်ငံရေးပြဌာန်းချက်များကို ပြုလုပ်ခြင်းအားဖြင့် လူထုကြီးအနေဖြင့်NLDပါတီကြီးအပေါ်ပိုမိုနားလည်လာပြီးရှေ့ ဆက်NLDရဲ့ နိုင်ငံရေးဦးဆောင်မှုအပေါ်ဝိုင်းရံနိုင်စေရန်အတွက်လူထုကဆုံးဖြတ်သွားလိမ့်မည်ဟုယုံကြည်မိပါကြောင်းအကြံပြုပါသည်။

ရဲဘော်ဂျာကြီး

victorOway said...

သင်္ကြန်ဆိုတော့ပြောရဦးမယ်။ရှေ့ တန်းထွက်ရင်းတခူးနွေရဲ့ ပူပြင်းမှုတွေကြောင့် နောက်နှစ်အတွက်တောင်ယာခုတ်ထားတဲ့မီးလောင်ပြင်ကြီးကိုဖြတ်ရတာပူပြင်လို့ နေပေါ.။ မောလည်းမောဟိုက်၊ ဒီလိုနဲ့ -ဟိုးအဝေးကမြင်နေရတဲ့ထင်းရူးတောတန်းနဲ့ ဝါးရုံစိမ်းစိမ်းလေးထဲအရောက်သွားပြီးနားမှပဲဆိုပြီးအားတင်းရင်းသေနတ်ကိုထမ်း-- ၀ါးရုံစိမ်းစိမ်းလေးအောက်မှာ ပူအိုက်လွန်းလို့ ဆောင်းထားတဲ့ ဦးထုတ်ကိုချွတ်ပြီးယက်ခတ်ပြီး လေးနုအေးလေးကိုမျှော်ရှိုက်ရင်း--ရုတ်တရက်--ဗွမ်းဆို--ကျနော့ကျောပြင်ပေါ်သို့ အေးစက်လှတဲ့သင်္ကြန်ရေအေးလေး-ရင်ကိုလန်းဆန်းသွားတာပဲ-- ဘယ်သူလည်းလို့ ကြည့်လိုက်တော့--တောင်ပေါ်ကရင်ရွာထဲက ကလေးလေးတစ်ရောက် ကျနော့ကိုပြုံးပြီး-လက်တဘက်မှာလည်း ၀ါးဆစ်ဘူးလေးကိုင်လို့ --ကျနော့်တော်လှန်ရေးဘ၀မှာ-အဲဒီလိုရှားပါးတဲ့သင်္ကြန်လေးကိုသတိရနေဦးမှာပါ။

victorOway said...

ငသန်းရွှေကတော့ ဇင်ဘာဘွေနိုင်ငံလိုမျိုးအပေါက်ချိုးနေတယ်ဗျ။ ခင်ဗျားသိတဲ့အတိုင်း စစ်အာဏာရှင်မူဂါဘီနဲ့ အတိုက်အခံ
ခေါင်းဆောင်မော်ဂင်ချန်ဂရိုင်းတို့ရဲ့ နိုင်ငံရေဒပြသာနာကိုပဲ
ကြည့်လေ-မဲအရေအတွက်အရ မော်ဂင်ချန်ဂရိုင်းက အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် မူဂါဘီကအာဏာမအပ် ဘူးလေ။ဒုတိယအကြိမ်ရွေးကောက်ပွဲလုပ်တော့-မော်ဂင်ချန်ဂရိုင်းက၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်လိုက်တဲ့အခါ-စစ်အာဏာရှင်မူဂါဘီက အရှက်မရှိ၊ပြိုင်ဘက်မရှိအနိုင်ရခဲ့တယ်။သို့ သော်လည်း နိုင်ငံရဲ့စီးပွားရေး၊လူမှုရေးတွေကမပြေလည်သွားတဲ့အပြင်ပိုလို့တောင်အကြတ်ရိုက်ခဲ့ရတယ်မဟုတ်လား။နောက်ဆုံးအာဖရိကမှာရှိတဲ့ဒေသဆိုင်ရာအသိုင်းအ၀ိုင်းကဖိအားပေးလို့ မော်ဂင်နဲ့ မူဂါဘီ အာဏာခွဲဝေရေးကိစ္စတွေမလုပ်မဖြစ်လုပ်လာရတယ်မဟုတ်ပါလား။ ငသန်းရွှေက အဲဒီလိုဂွင်ရအောင်ဖမ်းနေသလားတော့မပြောတတ်ဘူး။သို့ သော်ဝေဘန်ဘို့နဲ့ ဆင်ယှဉ်ဘို့ အတွက်ပါဘဲ။