ကျွန်တော်သည် စတုတ္ထတန်းတွင် ပညာသင်နေပါသည်။ ကျွန်တော်သည် အမေမွေးပြီးသည်နှင့် အဘွား နှင့်နေသည်၊ကျွန်တော်သည်ငယ်ငယ်ထဲကပင်အဘွားနှင့်နေသည်။
ကျွန်တော်သည် အမေ့ရဲ့နို့ကိုမစို့ခဲ့ရပါ။ နို့ဘူးဖြင့်ကြီးလာသည်။ အဘွားသည် ကျွန်တော်တို့ကိုချစ် ခင် ပါသည်။အဘွားသည်သားတို့ကို မေတ္တာစေတနာထားပါသည်။အဘွားသည်နေ့စားလုပ်ပြီး ကျောင်းထား ပေးပါသည်။ အမေသည်နောက်အိမ်ထောင်ပြုလိုက်သည်။ သားတို့သည်မျက်ရည်ကျပြီး ဆင်းရဲဒုက္ခ ရောက်ခဲ့ကြသည်။အဘွားသည် ဟိုးငယ်ငယ်လေးတည်းက စောင့်ရှောက်ခဲ့သည်။ယနေ့အချိန်ထိ အမေ ကမကြည့်ဘဲနေသည်။ အဘွားသည် သားတို့ကိုလုပ်ကျွေးသဖြင့် သားတို့လည်းအဘွားကို နွားစာမြက် ၀ိုင်းဝန်း၍ထမ်းပေးနိုင်ခဲ့တယ် ဒါပေမယ့်လို့သားတို့က သားတို့အမေကိုချစ်ပါတယ်။ အမေကသားတို့ကို မချစ်ဘူး။ အဘွားကသားတို့ကို ဒီအကြောင်းတွေရှင်းပြရင် အဘွားငိုတယ်။ ဒါပေမယ့် မွေးမေမေတ္တာဆို တာကတော့ကြီးမားပါတယ်။ယနေ့ချိန်တွင်အဘိုးနှင့်အဘွားသည်သားတို့ကိုစောင့်ရှောက်သည်။
အဘွားသည် ကျောင်းအပ်ပေးသည့်အပြင် ကျောင်းစရိတ်တွေကိုပါစိုက်ပေးရသည်။ အမေအနားမှာရှိပြီး တော့လည်း အဘွားကတော့မသက်သာလာဘူး ကျွန်တော်တို့အဘွားသည် သူ့ရဲ့ သားထက်ချစ်သည်။ အမေသည်သားတို့ကို သံယောဇဉ်တွယ်ပါသည်။ ကျွန်တော်တို့လည်း မိခင်၏ဂုဏ်ကျေးဇူးများကို လိုချင် ပါသည်။ အမေသည်သားတို့ကိုချစ်ပါတယ်။ သားတို့သည် အဘွားတို့ကိုချစ်ပါတယ်။ ကျွန်တော်လည်း အဘွားကိုချစ်ပါတယ်။
ကျော်စိုး(စတုတ္ထတန်း)
SAW High School
(မိခင်မေတ္တာ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲမှ...)
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
5 weeks ago
2 comments:
အမေ့ရဲ့မေတ္တာငတ်မွတ်လို့ ခံစားရတဲ့ဝေဒနာကို ကျွန်တော်တို့ တွေးတောင်မတွေးကြည့်ရဲခဲ့ပါဘူး၊ ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားကလေးငယ်တိုင်း မိဘမေတ္တာ ကို ခံယူရရှိနိုင်ပါစေဗျာ ... ဆန္ဒမွန်ပြုလျှက် ... ။
လေးစားဂုဏ်ယူစွာဖြင့်
အမေ့ မေတ္တာ စေတနာဆိုတဲ့ စာစီစာကုံးလေးက ခံစားချက်ကို အပြည့်အ၀နားလည်ပေးလို့ရတယ်။ ကျနော်လည်းအဘွားနဲ့ကြီးပြင်းခဲ့ ရလို့ အဲဒီခံစားချက်ကို နားလည်တယ်၊ နုနယ်တဲ့အရွယ်တွေမှာထိခိုက်ခံစားရတာတွေက
ဘယ်တော့မှမေ့ပျောက်လို့မရောက်အောင် ရှိနေတတ်တယ်လေ၊ ဒါပေမယ့် အမေဆိုတာ ကိုယ့်သားသမီးတွေကို ချစ်ကြပါတယ်၊
Post a Comment