Wednesday 3 October 2012

အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးအစာအိမ်ထဲမှ လေးပေါင် အလေးချိန်ရှိ အမွှေးလုံးကြီးဖယ်ရှားခဲ့ရ

Indore ပြည်နယ် ရှိ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ အစာအိမ်ထဲမှာ မယုံနိုင်ဖွယ်ရာ အမွှေးတွေစုပြုံနေတဲ့အလုံးကြီးတစ်လုံးရှိနေခဲ့တယ် ။ အဲဒီမိန်းကလေးဟာ အစားအစာကို မယ်မယ်ရရမစားပဲ Snack လို့ခေါ်တဲ့ သရေစာတွေကို သာ တပ်မက်နေခဲ့တယ် ။ အခုတော့ အဲဒီအရာကသူ့ကို တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေခဲ့ရပါပြီ ။ လွန်ခဲ့တဲ့လက အင်ဒိုးပြည်နယ်ရှိ Maharaja Yeshwantrao ဆေးရုံကို သွားရောက်ခဲ့ပြီး “ ကျွန်မ ရက်အနည်းငယ်လောက် စားလည်းမစားနိုင် သောက်လည်းမသောက်နိုင် ဖြစ်နေတယ် ” ဆိုပြီးပြောပြခဲ့တယ် ။ စမ်းသပ်စစ်ဆေးမှုတွေလုပ်လိုက်တဲ့အခါဆရာဝန်တွေက လေးပေါင်အလေးချိန်ခန့်ရှိတဲ့ အမွှေးလုံးကြီး တစ်လုံးကို အစာအိမ်နဲ့ အူတွေကြားမှာ တွေ့ခဲ့ရတယ်လို့ New York Daily News မှာဖော်ပြပေးထားပါတယ် ။ ဒီမိန်းကလေးမှာ ထူးခြားတဲ့အကျင့်ဆိုးလေးတစ်ခုလည်းရှိနေပြန်တယ်။ စာသင်ချိန်တွေအတွင်းမှာ သူမဟာ မြေဖြူတောင့်နဲ့ သူမ ဆံပင်တွေကို စားနေတတ်တဲ့အကျင့်ရှိပြီး ဒီနှစ်ခုပေါင်းစပ်လိုက်ခြင်း ကနောက်ဆုံး သူ့ကို ဒီအဖြစ်ဆိုးကြီးဖြစ်စေခဲ့တာဖြစ်ပါတယ် ။ ဒီအလုံးကြီးကိုဖယ်ထုတ်ပေးခဲ့တဲ့ဆရာဝန်ကတော့ အစာအိမ်နဲ့အူလမ်းကြောင်းခွဲစိတ်ဆရာဝန် Dr.Parvinder Singh Lubana ဖြစ်တယ်လို့ NDTV.com မှာဖော်ပြထားပါတယ် ။ ၂၀၀၇ ခုနှစ်တုန်းကလည်း အလားတူဖြစ်ရပ်မျိုး ချီကာဂိုမှာ ဆရာဝန်တွေက ဖယ်ထုတ်ပေးခဲ့ရဖူးပါတယ် ။ အဲဒီတုန်းကလည်း ကြောက်မက်ဖွယ်ရာအလုံးကြီးဟာ ဆယ်ပေါင်နီးနီးရှိပြီး ၁၅ လက်မ အရွယ်အစားလောက်ရှိခဲ့တယ်လို့ CNN မှာဖော်ပြထားပါတယ် ။ သက်တန့်ချို

0 comments: