Thursday 4 October 2012

အဓမ္မစစ်ထဲဝင်ရန် စေခိုင်းခံရသူ လူငယ်တစ်ဦး၏ ဖြစ်စဉ်အမှန်


၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ထုတ်ဝေသည့် လူထုပုံရိပ် ဂျာနယ် အတွဲ-၁၊ အမှတ်-၁၊ စာမျက်နှာ ၁၉ တွင် မေးမြန်းသူ တင်မောင်ထွေး၏ ''မီးရထားလာနေသော သံလမ်းပေါ် ကိုယ်တုံးလုံး ချွတ်၊ ဝမ်းလျားမှောက် ခိုင်းပြီး အဓမ္မစစ်ထဲဝင်ရန် စေခိုင်းခံရသော လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း'' တွေ့ဆုံ မေးမြန်းခန်းနှင့် ပတ်သက်၍ ဖြစ်စဉ်မှန် ဖော်ထုတ်စိစစ်ခဲ့ရာ တွေ့ဆုံမေးမြန်းခြင်း ခံရသူ မောင်ဝင်းသူသည် သြဂုတ်လ ၂ဝ ရက် နံနက် ၄ နာရီခန့်တွင် ပုဇွန်တောင် ဘူတာ၌ ရထားစောင့်နေစဉ် ရဲတစ်ဦးနှင့် စစ်သားဆိုသူနှစ်ဦး အရပ်ဝတ်နှင့် ရောက်လာခဲ့ပြီး ၄င်းအား ထိုးကြိတ်၍ ရထားသံလမ်းအတိုင်း ခေါ်သွားခဲ့ကြောင်း၊ စစ်သားဆိုသူက စစ်ထဲဝင်ရန် ခြိမ်းခြောက် ပြောဆိုခဲ့ပြီး ရဲဆိုသူမှ ''မင်းမှာ ငွေလေးသောင်းပါလား၊ ပါရင်အဆင်ပြေအောင် ညှိပေးမယ်၊ မပါရင် မသင်္ကာမှုနဲ့ ထောင်သုံးလ ကျမယ်'' ဟုပြောဆိုခဲ့ကြောင်း၊ မောင်ဝင်းသူမှ ငွေမပါကြောင်း ပြောသဖြင့် ထိုးကြိတ် ခြိမ်းခြောက်ခဲ့ရာ ၄င်းမှကြောက်လန့်၍ စစ်ထဲဝင်မည်ဟု ပြောဆိုခဲ့ကြောင်း၊ ၈ နာရီခန့်တွင် တိုးကြောင်ကလေး ဘူတာသို့ ရောက်ရှိပြီး တ ပ်ကြပ်တစ်ဦးနှင့် တွေ့ဆုံကာ ၄င်းတပ်ကြပ်မှ ဆက်သွယ်ရေးတပ်သို့ လိုက်ပါပို့ဆောင်ခဲ့ပြီး ပြန်လည် ထွက်သွားခဲ့ကြောင်း၊ ဆက်သွယ်ရေးတပ်မှ ဆရာကြီးအား မောင်ဝင်းသူမှ ၄င်းအားထိုးကြိတ် ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ စစ်ထဲမဝင်လို ကြောင်း ပြောဆိုခဲ့သဖြင့် ဆရာကြီးက မုန့်ဖိုးငွေကျပ် ၅ဝဝ ပေး၍ ပြန်လွှတ်ခဲ့သဖြင့် မွန်းလွဲ ၂ နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာဒုံ၊ ဝါယာလက်၊ တိုးကြောင်ကလေး ဘူတာတစ်ဝိုက်ရှိ နေရာများသို့ အသေးစိတ်စိစစ်ခဲ့ရာ မောင်ဝင်းသူအား ခြိမ်းခြောက် ခေါ်ဆောင်သွားသူများမှာ ရဲနှင့်စစ်သားများ မဟုတ်ဘဲ အရပ်သား ကတုံး(၂၃)နှစ် (မျက်နှာဝိုင်း၊ ဆံပင်တို၊ အသားဖြူ)၊ အညာသား(ခေါ်) ချစ်ကိုထွန်း(ခေါ်) သိန်းထိုက်ငြိမ်း(၂၅)နှစ် (မျက်နှာလေးထောင့်၊ အသားလတ်)နှင့် အပုလေး (စိစစ်ဆဲ)တို့ဖြစ်ကြောင်း သိရှိရသည်။ ကတုံး၊ အညာသားနှင့် အပုလေးတို့အား ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းခဲ့ရာ ၄င်းတို့နှစ်ဦးသည် ထောင်ထွက်များဖြစ်ကာ နေရာအတည်တကျ မရှိဘဲ လှည့်လည်သွားလာ နေသူများ ဖြစ်ကြောင်း၊ ကတုံးသည် လုယက်မှု တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးဖြစ်ပြီး အညာသားသည် ပုဇွန်တောင်၊ တိုးကြောင်ကလေး တစ်ဝိုက် လှုပ်ရှားသွားလာတတ်သူ တစ်ဦးဖြစ်ကြောင်း သိရှိရသဖြင့် တပ်မတော်မှ တာဝန်ရှိသူများနှင့် မောင်ဝင်းသူတို့ပူးပေါင်း၍ ရှာဖွေခဲ့ရာ အညာသားအား စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ က ပုဇွန်တောင်ဘူတာ၌ ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံ နှစ်ဦးအား မဖြစ်မနေ ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့် အညီအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ By Myanmar Online News

0 comments: