Wednesday, 3 October 2012

အမျိုးသမီးငယ် တစ်ဦး ကာဘော်လစ်ဆီသောက် သေဆုံး

သံလျင် မြို့နယ် ဖားကူး ကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ကာဘွန်လစ်ဆီ သောက်၍ သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါမိန်းကလေးမှာ ဖားကူးကျေးရွာတွင်နေထိုင်ကာ ဈေးရောင်း လုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး၊ ချစ်သူဖြစ်သူက မကြာခင်ရက်ပိုင်းအတွင်းက လမ်းခွဲခဲ့ကြောင်း၊ အလုပ်လုပ်ကိုင်သော ကုန်စုံဆိုင်မှ ကာဘွန်လစ်ဆီ ပုလင်းအား ယူ၍ နေအိမ်တွင် သောက်သုံးခဲ့ခြင်း ဖြစ်သည်ဟု မှုခင်း မှတ်တမ်းများအရ သိရသည်။ အဆိုပါ သေဆုံးမှုကို သေမှုသေခင်းအမှတ် ၃/၁၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သရက်ပင်ချောင် ရဲစခန်းထံမှ သိရသည်။ By The Voice Weekly Rest of your post

0 comments: